• ပင်မစာမျက်နှာ
  • ကျွန်တော်တို့အကြောင်း
  • သင်တန်းဈေးနှုန်းများ
  • သင်ရိုးများ
  • ဆက်သွယ်မည်
  • English
  • Myanmar

AB Programming Training Center

ကုမ္ပဏီမိတ်ဆက်

ကျွန်တော်တို့သည် ဂျပန်အိုင်တီကုမ္ပဏီ Aluto Benli နှင့် ဆက်စပ်သော သင်တန်းကျောင်းဖြစ်ပြီး ၄င်းကုမ္ပဏီသည် နှင့် ၀န်ဆောင်မှုများကို လူကြီးမင်းတို့ စိတ်တိုင်းကျတိကျသေချာစွာ အဆင်ပြေချောမွေ့အောင် လုပ်ဆောင်ပေးနေသောလုပ်ငန်းဖြစ်ပါသည်။

၂၀၁၆ ဖေဖော်ဝါရီလတွင် ကုမ္ပဏီကို စတင်မှတ်ပုံတင်ခဲ့သော်လည်း ၂၀၁၃ ကတည်းကပင် ပြည်ပမှ ပရောဂျက်များကို မြန်မာနိုင်ငံသို့ယူဆောင်ပြီး စတင်လုပ်ဆောင်ခဲ့ပါသည်။ လက်ရှိအချိန်အထိ ကျွန်တော်တို့သည် ဂျပန်နိုင်ငံ၏ ပရောဂျက်များကို အဓိကထားဆောင်ရွက်လျှက်ရှိပါသည်။ ကျွန်တော်တို့၏ အကောင်းဆုံးဝန်ဆောင်မူများကို မြန်မာနိုင်ငံအတွင်း ကျယ်ကျယ်ပြန့်ပြန့် ချဲ့ထွင်လုပ်ဆောင်သွားရန် စိတ်အားထက်သန်လျက်ရှိပါသည်။

ကျွန်တော်တို့၏ မြန်မာပြည်တွင်းဝန်ဆောင်မှုများအားတိုးချဲ့သည့် ပထမခြေလှမ်းအဖြစ် ထူးချွန်ထက်မြက်၍ အရည်သွေးပြည့်ဝသောနည်းပညာရှင်များ မွေးထုတ်ပေးရန် စတင်နေပြီဖြစ်ပါသည်။ သို့ဖြစ်၍ ကဏ္ဍပေါင်းစုံအား စလယ်ဆုံး စုံလင်စွာရေးဆွဲထားသောသင်ရိုးများကို ကျွန်တော်တို့ကျောင်းတွင် သင်ကြားပေးနေပါပြီ။ ကျွန်တော်တို့သင်တန်းသားများကို နောက်ဆုံးပေါ်နည်းပညာများနှင့်လည်း စဉ်ဆက်မပြတ်ထိတွေ့ခွင့်ပေးရန်ဆန္ဒရှိပါသည်။

သင်တန်းဖြစ်တည်ရာစိတ်ကူး

မြန်မာနိုင်ငံတွင် သင်ကြားပေးလျက်ရှိသော သင်တန်းကျောင်းများစွာရှိပါသည်။ အိုင်တီလုပ်ငန်းများတွင် လုပ်ကိုင်နေကြသူအများစုမှာ အဆိုပါသင်တန်းများမှ သင်ယူခဲ့သော်လည်း လက်တွေ့လုပ်ငန်းခွင်ဝင်နိုင်သည့်အဆင့်ထိမရောက်ဟု ထင်မြင်ယူဆရပါသည်။

သို့အတွက်ကြောင့် သင်တန်းပြီးသည်နှင့်တပြိုင်နက် လက်တွေ့လုပ်ငန်းခွင်ဝင်နိုင်သည့်အဆင့်အထိရောက်နိုင်မည့် (လက်တွေ့) သင်ခန်းစာနှင့်သင်ရိုးများကို ထည့်သွင်းစဉ်းစားရေးဆွဲခဲ့ပါသည်။ ဂျပန်အိုင်တီကုမ္ပဏီ ၏အစိတ်အပိုင်းတစ်ခုဖြစ်သော ကျနော်တို့ သင်တန်း၏ အဆိုပါသင်ခန်းစာများကို ယုံကြည်ချက်အပြည့်ရှိသောကြောင့် အလုပ်ရသည်အထိ မိတ်ဆက်ပေးမည်ဟု ရည်မှန်းထားပါသည်။

ကို အမှန်တကယ် သေချာလေ့လာဆည်းပူးချင်သည့်သူများအတွက် စနစ်တကျပြုစုပျိုးထောင်သင်ကြားပေးသွားမှာဖြစ်ပါသည်။

၏အရေးပါမှု

အိုင်တီလုပ်ငန်းမဟုတ်သည့် မှ ဖြစ်တဲ့ သည် အင်တာဗျုးတစ်ခုတွင် ယခုလိုပြောကြားခဲ့ပါသည် -

"If you are joining the company in your 20s, unlike when I joined, you're going to learn to code. It doesn't matter whether you are in sales, finance or operations. You may not end up being a programmer, but you will know how to code."

ထို့ကြောင့် ယခုချိန်မှစပြီး ကျွမ်းကျင်မှုသည် အလွန်တရာမှ အရေးပါလာပါလိမ့်မည်။


အခြားနိုင်ငံများ၏ အခြေအနေ

အမေရိကန်နိုင်ငံမှာတော့ ဆိုသည့် ကျောင်းတွင် ၁၂ ပတ်ကြာဖြင့် ၁၃,၇၈၀ ဒေါ်လာ ကျောင်းလခသည် အလွန်များပြားသော်လည်း ကမ္ဘာအနှံ့အပြားမှ လျှောက်ထားမှုအများအပြားရှိပြီး၊ လျှောက်ထားသူ ၅% မှလွဲ၍ ကျောင်းဝင်ခွင့်မရနိုင်လောက်အောင်ကို လူသိများရေပန်းစားနေပါသည်။

ဂျပန်နိုင်ငံမှာတော့ ဆိုသည့်နေရာမှာ ၃ လကြာ ယန်း ၃၉၈,၀၀၀ ဖြင့် အချိန်တိုသင်တန်းကို ဖွင့်လှစ်ပြီး၊ မှ အဆင့်အထိ ပျိုးထောင်ပေးနေကြပါသည်။

ယင်းသို့ အမေရိကန်နှင့်ဂျပန်နိုင်ငံတို့တွင် သင်တန်းကြေးများပြားလှသော်ငြားလည်း အချိန်တိုတိုအတွင်း ကို တစ်စုတစ်စည်းတည်း လေ့လာဆည်းပူးနိုင်သည့် ၄င်းကဲ့သို့သောကျောင်းများသည် လူသိများရေပန်းစားနေကြပါသည်။

အလုပ်အာမခံစနစ်

မြန်မာ့ပထမဆုံး ယုံကြည်စိတ်ချရသော အလုပ်အာမခံစနစ်ကို ကျွန်တော်တို့မှ မိတ်ဆက်ပေးလိုက်ပါသည်။

အောက်ဖော်ပြပါ အချက်အလက်သတ်မှတ်ချက်များကို ပြည့်မှီပြီး၊ သင်တန်းပြီးဆုံး၍ ၃ လကြာပြီးနောက်တွင် အလုပ်မရခဲ့ပါက လက်ခံထားသော သင်တန်းကြေးအားလုံးပြန်ပေးမည်။

  • ကွန်ပျုတာနှင့်ပတ်သက်သော တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရထားရမည် (သို့မဟုတ်) ၄င်းအဆင့်မှီရမည်။
  • အလုပ်လုပ်ချင်စိတ်ရှိပြီး တက်ကြွသော ကိုယ်ရေးကိုယ်သွေးနှင့် စိတ်ဓာတ်ပိုင်းဆိုင်ရာတို့မှာ ကောင်းမွန်ရပါမည်။
  • ၏သင်တန်းချိန်အားလုံးကို တက်ရောက်ရမည်။
  • မှာပါ၀င်သည့် သင်ခန်းစာအားလုံးကို ကျေညက်ရမည်။
  • မိတ်ဆက်ပေးသည့် အလုပ်သို့ အလုပ်လျှောက်ရန်နှင့် အင်တာဗျုးဝင်ရမည်။
  • သင်တန်းပြီးဆုံးပြီးနောက် ၃ လကြာအလုပ်ရှာဖွေခြင်းလုပ်ငန်းစဉ်အတွင်း အနည်းဆုံးကုမ္ပဏီ ၆ ခု အင်တာဗျုးဝင်ရမည်။
အသေးစိတ်ဖတ်မည်

သင်ရိုးများ

  • Web Foundation Course (Web/HTTP, HTML, CSS, Javascript, Jquery)
  • PHP Web Development Course (XAMPP, PHP, MySQL)
  • Professional Web Development Course (CI, Git, Composer)
အသေးစိတ်ဖတ်မည်

သင်တန်းဈေးနှုန်းများ

1

PHP Expert Package

သင်တန်းကြေး - ၄၆၇,ဝ၀ဝ ကျပ်

သင်တန်းကာလ - ၁၆၀ နာရီ

  • Web Foundation Course
  • PHP Web Development Course
  • Professional Web Development Course
အသေးစိတ်ဖတ်မည်

Copyright © aluto-benli.com. All right reserved.